Featured Video

ရခိုင်ဒီမိုဂရေစီအဖွဲ့ချူပ်--ပြည်ပ-မလေးသျှားဌာနခွဲ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ထုပ်ပြန်ချက် Union Day Sta

Wednesday, January 5, 2011

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသော မုဒိန်းမှူအတွက် ရခိုင်အမျိုးသမီးများအစည်းအရုံးမှ ပြန်းထန်စွာရှုတ်ချခြင်း၊

၂ဝ၁ဝ ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာ  (ဘ)ဦး မောင်ကျော်ခိုင် သမီးအသက်(၁၇)နှစ်နှင့် (ဘ)ဦးကျော်တင်မောင်သမီး အသက်(၁၇)နှစ် အမျိုးသမီးငယ် နှစ်ဦး အား မူဆလင်ကုလားများမှ ပြန်ပေးဆွဲပြီး အဓမ္မပြုကျင့်ကြောင်း နေရဉ္စရာသတင်းအရသိရှိရသည်၊ အဆိုပါ ပြုကျင့်ခံရသူ အမျိုးသမီးငယ်များကို ပြုကျင့်ခံရပြီး နှစ်ရက်အကြာနောက်ပိုင်း မယူတောင်သို့ကျော်၍ ရသေ့ တောင်မြို့နယ်အတွင်း ပေးးပို့ခဲ့သည်ဟု သိရှိရသည်။
ထို့နောက်ပြန်ပေးဆွဲခံရပြီး (၉)ရက်ခန့်အကြာ ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် အလယ်သံကျော် တိုက်နယ်ဆေး ရုံတွင် စစ်ဆေးခဲ့ကြောင်း ဒေသခံများမှ ကြားသိရသည်။ အမှုကို အလယ်သံကျော် တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန်မှ အမှုနှင့်ပတ်သက်င၍ ၄င်းတို့ဘက်မှ ပြုလုပ်၍မရကြောင်း အမှုသည် ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားသည့်အမှုဖြစ်သည့်အတွက်ကြောင့် ရသေ့တောင်မြို့နယ်သို့ တာဝန်ကျဆရာဝန်မှ တာဝန်လွဲအပ် လိုက်ကြောင်း ကိုကြားသိရပါသည်၊၊


ရခိုင်ပြည်အတွင်း မုဒိန်းမှုများဖြစ်ပေါ်နေခြင်းသည် ယခုတစ်ကြိမ်တည်းသာ မဟုတ်ပဲ အခါများစွာဖြစ်ပေါ်လျက်ရှိနေသည် သို့ဖြစ်ရသည်မှာ ကိုယ်ချင်းစာတရားလုံးဝမရှိသော သူယုတ်မာတို့.စရိုက်ကြောင့်ဖြစ်သည်၊ အခြားတဖက်တွင်အစိုးရ အုပ်ချုပ်မှူလုံးဝအသုံးမကျ ဖြစ်သည်ဟု မိမိတို့ မှအခိုင်အမာယုံကြည်သည်၊

သို့ဖြင့် အမျိုးသမီးငယ်များ. ဆန္ဒအလျဉ်းမပါပဲ အတင်းအားဓမ္မ ပြုလုပ်ခြင်းသည် အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုသဘောတူစာချုပ် စီဒေါ (CEDAW) ကိုချိုးဖောက်ရာကျသည့်အပြင် အပြည် ပြည်ဆိုင်ရာ ကလေးအခွင့်အရေး (CRC) စာချုပ်ကို လည်းချိုးဖောက်ရာရောက်ကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) မှ အတိအလင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ သို့ဖြင့် ယခုအတင်းအားဓမ္မပြုခဲ့သော မူဆလင်ကုလားများကို နအဖစစ်အစိုးရမှ ထိထိရောက်ရောက် အရေးယူဆောက်ရွက်ရန် အောက်ဖေါ်ပြ ပါ အတိုင်းမိမိတို့မှတောင်းဆိုသည်၊


ရခိုင်ပြည်နယ်ရှိအမျိုးသမီးများမှာ မူဆလင်ကုလားများ. ရန်ကတမျိုး နအဖစစ်အစိုးရ. ရန်ကတဖုံ နည်းမျိုးစုံဖြင့် အတင်းအဓမ္မ ပြုကျင့်မှုကိုခံနေကြရပြီး လုပ်ကိုင်စားသောက်စရာမြေမရှိ။ ပြေးစရာနေရာမရှိ  ဖြစ်နေကြရပြီး မည်သို့ဒုက္ခရောက်မည်ကို စိုးရိမ်စိတ်အပြည့်ဖြင့် ကျီးလန့်စာ စားနေရသည့်အလား ဒုက္ခပေါင်း စုံကိုခံစားနေကြရပါသည်၊

သို့ဖြစ်၍ ရခိုင်ပြည်မှ အမျိုးသမီးတို့ ဘဝလုံချုံမှုရှိစေရေးအတွက် အာဏာပိုင်အဖွဲ့ အစည်းများမှ ဆောင်ရွက် ပေးရန် အောက်ပါတောင်ဆိုချက်များကိုမိမိတို့မှ တောင်းဆိုလိုက်သည်၊


ထို့အပြင် ယခင်နှစ်များကလည်း မူဆလင်ကုလားများ. မတရားပြုကျင့်မှုများစွာ ဖြစ်ပျက်ခဲ့ရာ ရခိုင်ပြည်နှင့် ရခိုင် လူမျိုးအတွက် လှုပ်ရှားနေကြသော အဖွဲ့များမှ လိုက်လံဆောင်ရွက်မှု ပြုသည်ကို မတွေ့ရသည့်အတွက် မိမိတို့မှများစွာ ဝမ်းနည်းရပါကြောင်းနှင့် ဤသို့ဖြစ်ရပ်များကို ရခိုင်အမျိုးသားတရပ်လုံးက လူမျိုးရေးအသိဖြင့်ကာကွယ် ကြရန်လိုကြောင်းလည်း ဤထုတ်ပြန်ချက်တွင် ထုတ်ဖေါ်ပြောကြားလိုပေသည်၊

ထို့အတူ ရခိုင်ပြည်တွင်းသို့ မကြာခဏဖြစ်ပျက်နေမှုများကို မဲအနိုင်ရရှိထားသောပါတီများ အင်အားကြီး အတိုက်အခံပါတီများမှလည်း  အဓမ္မအနိုင်ကျင့်မှုများပပျောက်အောင် လိုက်လံဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်၊

မိမိတို့ မှတောင်ဆိုချက်များ

(၁)   ပြစ်မှုကျုးလွန်သော တရားခံ မုဒိန်းကောင်များကို မုဒိန်းမှုဆိုင်ရာပြစ်မှု၊ ပြန်ပေးဆွဲမှုဥပဒေအရ၄င်း။ ကလေးအခွင့်အရေး ထိပါးစော်ကားမှု ဥပဒေအရ၄င်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု သဘောတူစာချုပ် စီဒေါစာချုပ်ဆိုင်ရာ ဥပဒေအရ၄င်း ထိရောက်စွာ အပြစ်ပေးအရေး ယူပေးရန်၊

(၂)   မုဒိန်းမှူ ပြုကျင့်ခံရသည့် အမျိုးသမီးငယ်များ ကာယဣနြေ္ဒိပျက်စီးမှုများအတွက် နိုင်ငံတကာ စံချိန် စံညွန်းနှင့် ကိုက်ညီသော လျှော်ကြေးငွေပေးဆောင်ရန်နှင့် အခမဲ့ဆီးကုသခွင့်ကို အာဏာပိုင်များမှ ဆောင်ရွက်ပေးရန်။


(၃) ပြစ်မှုကျုးလွန်ခံရသော အမျိုးသမီးငယ်များ. ဘဝအာမခံချက်၊ ဘဝလုံခြုံရေးရရှိရေးနှင့် စိတ်ပိုင်းဆိုင်ရာခံစားမှုများ လျော့နည်းလာစေရန် အာဏာပိုင်များမှ ဆောင်ရွက်ပေးရန်။


(၄)  ထိုအမှုအား ဒေသဆိုင်ရာအာဏာပိုင်များမှ လဒ်ပေးလက်ယူများကိုရှောင်ရှားရန်နှင့် အမျိုးသမီးငယ် များဖက်မှ မားမားရပ်တည်ပြီး မှန်ကန်တိကျစွာ အပြစ်ပေးအရေးယူဆောင်ရွက်ပေးရန်။


 ဗဟိုအလုပ်မှုဆောင်ကော်မီတီ

ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)

ရခိုင်ပြည်၊

 ဆက်သွယ်ရန်

ဖုန်း၊     ၊ ၆၆- ၈၃၉၆၁၁၅၃၇

No comments:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More